International News

အိန္ဒိယနိုင်ငံ၏ ပင်လယ်စာတင်ပို့မှုများမြင့်တက်

Last Updated:

ဧပြီလမှ အောက်တိုဘာအတွင်း အိန္ဒိယနိုင်ငံမှ ပင်လယ်စာတင်ပို့မှုများသည် ယခင်နှစ် အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံမှ ၄.၆၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ဥရောပသမ္မဂ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ရှရှားနှင့် Uk နိုင်ငံများထက် တင်ပို့မှုများ မြင့်တက်နေကြောင်း လေ့လာစမ်းစစ်သူများ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ EU သို့တင်ပို့မှုများသည် ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး ပုဇွန်တင်ပို့မှုသည် ၅၇ ရာခိုင်နှုန်းခန့်မြင့်တက်လာကြောင်း သိရှိရပါသည်။ အဆိုပါ EU သို့ တင်ပို့သည့် ပင်လယ်စာများကို ပင်လယ်အတွင်း ငါးဖမ်းဆီးမှုများနှင့် ငါးမွေးမြူရေး လုပ်ငန်းများမှ တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၏ ပုဇွန်နှင့် ပုဇွန်ထုပ် တင်ပို့မှုများသည် အောက်တိုဘာလတွင် ၁၄.၆၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ အချက်အလက်များအရ အိန္ဒိယနိုင်ငံမှ ရှရှားနိုင်ငံသို့ ပင်လယ်စာတင်ပို့မှုများသည် မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ အစိုးရအရာရှိများ၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံသည် လက်ရှိတွင် ဈေးကွက်တစ်ခုထဲတွင် အလွန်အကျွံမှီခိုခြင်းထက် ကွဲပြားသောဈေးကွက်များသို့ တင်ပို့နိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: The Economic Times       
Source: https://www.doca.gov.mm

Category: International News